-----------------------------------------------------
ဒီ post ကို အချိန် ရမှဖတ်ပါ။ အားတဲ့ အချိန် အေးအေးဆေးဆေး ဖတ်ပါ။
စဖတ်ပြီဆိုရင် ဘောပင်တစ်ချောင်း စာရွက်တစ်ရွက် calculator တစ်လုံး ပြင်ဆင်ထားပါ။
လိုက်တွက်ကြည့်ပါ။ စာကို တစ်ကြောင်းချင်း သေချာဖတ်ပါ။
(ရှုပ်ထွေးသွားမှာ စိုးလို့ ပါ)
14" ပတ်လည်ရှိတဲ့ RC တိုင်တစ်တိုင်သည် သူ့ ပင်ကိုယ်အလေးဝန်အပါအ၀င်
တိုက်ရိုက်အလေးဝန် 100 ton ကို ထမ်းဆောင်ရန် ရှိသည်။
မြေကြီးထမ်းအားမှာ 1sqft လျှင် 1 ton ထမ်းနိုင်စွမ်းရှိလျှင် အုတ်မြစ်ကို
square footing design ပြုလုပ်ပေးပါ။
(f'c=2500 psi,fy=40000psi)
design မလုပ်ခင် သိသင့်တာလေးတွေ အရင်ပြောပါမယ်။
မြေကြီးထမ်းအားမှ 1sqft မှာ 1 ton ထမ်းနိုင်စွမ်းရှိတယ် ဆိုတာ ပုံသေယူလို့ မရပါဘူး။
နေရာဒေသနဲ့ လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။
soil test စစ်ဆေးမှုရလဒ် ပေါ်မှာပဲ မူတည်ပါတယ်။
ဒီ problem မှာ ပြန်ဖို့ မြေရဲ့ အလေးဝန်ကို ထည့်မတွက်ထားပါဘူး။
ပြန်ဖို့ မြေဆိုတာ footing အတွက် မြေတူးပြီး footing လောင်းပြီးနောက် concrete strength ရသွားတဲ့ အခါ တူးထားတဲ့ မြေကို ပြန်ဖို့ တာကို ပြောတာပါ။
ဒါဆို f'c တွေ fy တွေက ဘာတွေတုန်း လို့ မေးစရာ ရှိပါတယ်။
အင်ဂျင်နီယာ အများစုကတော့ သိပြီးသားပါ။
မသိသေးတဲ့လူတွေ အတွက် ထပ်ရှင်းပြပါ့မယ်။
fc=ကွန်ကရစ် အမှန်တကယ်အလုပ်လုပ်သော ခံနိုင်အား (fc=0.45f'c ဖြစ်သည်။)
f'c= ပြိုကွဲသည်အထိ ကွန်ကရစ်၏ ခံနိုင်အားကုန်
fs=သံချောင်း၏ အမှန်တကယ် အလုပ်လုပ်နိုင်သော ဆွဲဆန့် ခံနိုင်အား
(ကျွန်တော်ကတော့် ကတော့ fs=20000psi ဖြင့် ယူဆပြီးတွက်လေ့ရှိသည်။)
fy=သံချောင်း၏ ဆွဲဆန့် ခံနိုင်အားကုန် ပြတ်ထွက်သည်အထိ
(fs=1/2fy ရှိသည်)
အခု ကျွန်တော်က f'c နဲ့  fy ကို သုံးပြီးတွက်ရတဲ့ Ultimate Design နဲ့  မတွက်ပါဘူး။
fc နဲ့  fs ကို အသုံးပြုပြီး တွက်ရတဲ့ working stress design နဲ့ တွက်မှာပါ။
Ultimate Design တွက်တာ ကျောင်းတွေမှာလည်း သင်ခဲ့ဖူးမှာပါ။
နောက်ပြီး အဲ့ဒီတွက်နည်းကို နားလည်အောင် ကျွန်တော် ပြန်မရေးပြတတ်ပါဘူး။
working stress နဲ့ တင် တော်တော် တိုင်ပတ်နေပါပြီ။
(ကျွန်တော့် အားနည်းချက်ပါ)
အခု design မထုတ်ခင်လေး ဒါလေးတွေကို မှတ်ထားပေးပါ။
Wc=တိုင်ပေါ်သက်ရောက်နေတဲ့ တိုက်ရိုက်အလေးဝန် (တိုင်၏ပင်ကိုယ်အလေးဝန်ပါပါပြီး)
q = မြေကြီးထမ်းအား
p=တိုင်၏ ပတ်လည်အနား
Wf=footing ၏ ပင်ကိုယ်အလေးဝန်
L= footing ၏ အနားတစ်ဖက်
M= ကွေးညွတ်ကိန်း
d= footing ၏ ထိရောက်ထု(effective depth)
h=footing ၏ ထု
ကဲအခု fc နဲ့ fs ကိုတွက်ပါမယ်။
fc=0.45f'c=1125 psi
fs=1/2fy =1/2x40000=20000 psi
footing area ကို စတွက်ပါမယ်။
footing area = Wc/q=100/1=100 sqft
square root လုပ်ကြည့်လိုက်ရင် footing ကို 10' x 10 ' Footing ကို သုံးရမယ်လို့ 
လောလောဆယ်ခန့် မှန်းနိုင်ပါတယ်။
footing ရဲ့ ထုကို ဆက်တွက်ပါမယ်။
footing thickness = Wc/px0.2fc
=100x2240/4x14x0.2x1125
=17.78 =18 in
(ton ကို lb ပြောင်းချင်လို့ 2240 နဲ့ မြှောက်တာပါ 0.2က ပုံသေနည်းထဲမှာပါပြီးသား။
တိုင်ရဲ့ အနား 14 " က လေးဖက်ရှိတာဆိုတော့ ပတ်လည်အနား
p ရှာချင်လို့  4 နဲ့ မြှောက်လိုက်တာပါ)
footing ရဲ့  ထုထည် = 10 x 10 x 18/12 = 150 cuft
footing ရဲ့  ပင်ကိုယ်အလေးဝန် = 150 x 150 =2250/2240 =10.05 ton (RC 1cuft မှာ 150 Lb လေးလို့  150နဲ့ မြှောက်တာ)
ခုနတုန်းက တွက်ထားတဲ့ footing area နဲ့ footing ရဲ့ ထု က footing ရဲ့  ပင်ကိုယ်အလေးဝန် မပါသေးပဲတွက်ချက်ထားခြင်းဖြစ်ပါတယ်။
အခု footing ရဲ့  ပင်ကိုယ်အလေးဝန် ပါထည့်တွက်ရပြီဆိုတော့ ပြန်ပြီး စစ်ဆေးကြည့်ပါမယ်။
footing area = Wc+Wf/q=100+10.05/1=110.05 sqft
square root လုပ်ကြည့်လိုက်ပါ။
10.5' x 10.5 ' footing ဖြစ်သွားပါပြီ။
ဒါဆို footing ရဲ့  ထုထည်နဲ့ ပင်ကိုယ်အလေးဝန်ကိုပြန်တွက်ပါမယ်။
footing ရဲ့  ထုထည် = 10.5 x 10.5 x 18/12 = 165.375 cuft
footing ရဲ့  ပင်ကိုယ်အလေးဝန် = 165.375 x 150
=24806.25/2240
=11.07 ton
အခုကွေးညွန်းကိန်းကို တွက်ပါမယ်။
M=Wc(L-h)²/8L
=100x(10.5-1.5)²/8x10.5
=96.43x2240=216000Lb ft
=2592000 Lb in
R တန်ဖိုးနဲ့  j တန်ဖိုးတွေကို သိချင်ရင့်တော့ http://mmewp.org/wp-content/uploads/2014/09/1.jpg မှာ သွားကြည့်ပါ။
R နဲ့  j အကြောင်းကို နောက်ပိုင်း အချိန်ရရင် သီးသန့် ရှင်းပြပါ့မယ်။
ထိရောက်ထုကို စစ်ဆေးပါမယ်။
d²=M/RL=2592000/178*10.5*12 =115.57
d=10.75 "
d=h-cover+.25=18-3+.25=14.75"
ထိရောက်ထု d တန်ဖိုး နှစ်ခုကို ယှဉ်ကြည့်ပါ။
စစ်ဆေးလို့ ရတဲ့ dက နဂို ရှိပြီးသား d ထက် နည်းနေလို့  ok ပါတယ်။
ဒါကြောင့် d=14.75" ကို သုံးပါမယ်။
ဒါဆို footing မှာ ထည့်ရမယ့် steel area ကိုတွက်ပါတော့မယ်။
As=M/fsjd=2592000/20000*0.88*14.75 =9.98 sqin
![]() |
| ခံနိုင်ဝန် တွက်နည်း |
ကျွန်တော်ကတော့ #9 လို့ ခေါ်တဲ့ 1in (25mm) dia ကို သုံးပါမယ်။(ကိုယ်နှစ်သက်သလို သာ ချိန်သုံးပါ)
9.98/1 = 9.98=10 ချောင်း
ဒါကြောင့် Top Bar မှာ 25 mm သံချောင်း 10ချောင်း
Bottom Bar မှာ 25mm သံချောင်း 10 ချောင်း
စုစုပေါင်း သံချောင်း 20 ချောင်းသုံးပါတယ်။
ကဲ အားလုံးလည်း စိတ်ရှုပ်ကုန်ပြီထင်ပါတယ်။
အတတ်နိုင်ဆုံး ရှင်းလင်းအောင်တော့ ရေးထားပါတယ်။
အချိန်ပေးပြီး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
ဖတ်ပြီးရင်လည်း သိထားသလောက်လေး ၀င်ဆွေးနွေးပေးကြပါ။
ဂျူနီယာလေးမို့ အမှားအယွင်းများပါသွားရင် စီနီယာကြီးများမှ
လမ်းမှန်ကို ညွန်ပြပေးပါလို့ 
ရိုသေလေးစားစွာ အကူအညီတောင်းလိုက်ရပါတယ်။
Written by Engr Tin Ko Ko
(Founder @ Myanmar Engineering Web Portal)
