Friday, August 18, 2017
လူ့ အဖွဲ့ အစည်းကို ဘယ်လိုဦးဆောင်မလဲ ???
ဦးဆောင်သူတွေမှာ တကယ်တမ်းက ကိုယ်ဦးဆောင်ဦးရွက်လုပ်ရတဲ့ အဖွဲ့ အစည်း၊ ဒါမှမဟုတ် လူ့ အသိုင်းအ၀ိုင်းတစ်ခုရဲ့ အရေးကြီးဆုံးအရာ
ကဘာလဲ၊ သူတို့ ဟာ ဘာအလိုချင်ဆုံးလဲ စတဲ့အရာတွေကို သိအောင်လုပ်ရမယ့် အစီအစဉ်တစ်ခုခုရှိရမှာဖြစ်တယ်။ လုပ်ငန်းခွင်ထဲကို ပထမ
ဆုံးဝင်တဲ့အချိန်မှာ စလုပ်သင့်တဲ့အလုပ်ဟာ အဲဒီအလုပ်ပါ။
မိမိဦးဆောင်တဲ့အဖွဲ့ အစည်းရဲ့ ယဉ်ကျေးမှု၊ အလေ့အထတွေကို သိရှိနားလည်ထားဖို့ လိုတယ်။ ပြီးရင် မိမိရဲ့အရည်အသွေး၊ လမ်းညွှန်ပြသပေး
မှု၊ မိမိရဲ့လုပ်ငန်းခွင်အတွေ့ အကြုံကောင်းတွေနဲ့ အတူ မိမိလက်အောက်ကို သက်သေပြလုပ်ဆောင်သွားနိုင်ဖို့ လည်းလိုတယ်။ ဖွံ့ ဖြိုးတိုးတက်မှု
ဆိုတာကို အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီးမှ လုပ်သွားလို့ ရနိုင်တာမျိုးဖြစ်ပါတယ်။
အဖွဲ့ အစည်းတစ်ခုရဲ့ဘုတ်အဖွဲ့ မှာပါဝင်တဲ့သူတွေကို ကိုယ့်အဖွဲ့ အစည်းအကြောင်း၊ ကိုယ်တာဝန်ယူထားတဲ့ လူ့ အသိုင်းအ၀ိုင်းတစ်ခုအကြောင်း
စတာနဲ့ ပက်သတ်တဲ့ အစီရင်ခံစာ၊ ဒီလိုမှမဟုတ်ရင် အကြံပြုစာတွေကို တောင်းခံပြီးမှ ဦးဆောင်သူဟာ ဘာလုပ်ရမလဲဆိုတဲ့အပိုင်းကို ချမှတ်တာ
အကောင်းဆုံးပဲ။ ဒီကနေ တစ်သဘောတည်းဖြစ်နေတဲ့အပိုင်းကို အရင်ဆုံးဖြည့်ဆီးလုပ်ဆောင်လို့ ရမှာလည်းဖြစ်ပါတယ်။
တကယ်တော့ တိုးတက်မှုအလားအလာအကောင်းဆုံးအသိုင်းအ၀ိုင်းမှာဆိုရင် သူတို့ ရဲ့စားဝတ်နေရေးကလည်း အဓိကကျမည်မဟုတ်ပါ။ သူ
တို့ ရင်သွေးငယ်လေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ ကြီးထွားမှုကလည်း အဓိကမဟုတ်ပါ။ သူတို့ ရင်သွေးငယ်လေးတွေရဲ့ စိတ်ဓာတ်ပြုပြင်ရေးကိစ္စကသာ
အဓိကဖြစ်လာပါတယ်။ သူတို့ က သူတို့ ရင်သွေးငယ်တွေကို အသိပညာ၊ အတတ်ပညာတတ်စေချင်ကြတာပါ။
ဒီတော့ အသိပညာနဲ့ အတတ်ပညာဟာ တိုးတက်တဲ့လူ့ အသိုင်းအ၀ိုင်းတစ်ခုကိုဖန်တီးနိုင်တယ်လို့ ဆိုရမှာပေါ့။ ဒီအပိုင်းကို ဟန်ချက်ညီအောင်
ဖြည့်စည်းမှုပြုလုပ်ပေးနိုင်တဲ့ ဦးဆောင်သူများဟာ လူ့ အသိုင်းအ၀ိုင်းရဲ့တကယ့်သူရဲကောင်းဖြစ်လာမှာပါ။ လူအများရဲ့အရေးကို ဦးစားပေးအလေး
ထားတဲ့သူတွေဟာ လူအများရဲ့ဦးစားပေးအလေးထားမှုကိုခံရတဲ့ဦးဆောင်သူများဖြစ်လာတာပါပဲ။
#TrueMan
Subscribe to:
Post Comments (Atom)
စိတ်အဟာရ
ပါးပြင်းလေးတော့ထောင်လိုက်ပါ
တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထ ပေါက်ရောက်နေခဲ့ပါသတဲ့..။ အဲဒီမြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်...
သက်မွေးပညာ
-
တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထ ပေါက်ရောက်နေခဲ့ပါသတဲ့..။ အဲဒီမြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်...
-
ယုံကြည်မှု တည်ဆောက်ခြင်းသည် မိသားစု၊ မိတ်ဆွေအသိုင်းအ၀န်း၊ အဖွဲ့စည်း အချင်းချင်းကြား၊ စီးပွားရေး လောကမှသည် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်အထိ လွန်စ...
-
မိမိ '' ဘဝ '' ကြီးကို '' ရထား '' တစ်စီးလို့ သတ်မှတ်ကြည့်ပါ ……… သင်တို့ သွားနေကြတဲ့ '' အောင်မြင်မှု...
-
အသဲကွဲတယ်ဆိုတဲ့အချိန်က အသုံးချတတ်ရင် ဘဝမှာအောင်မြင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ အဲဒီလိုအချိန်မျိုးက ကိုယ်မပိုင်ဆိုင်နိုင်တော့တဲ့ သူတယောက်ကိ...
-
ငါ့ထက် တော်သည်ဖြစ်စေ ငါ့ထက်ညံ့သည်ဖြစ်စေ ထိုအရာတွေကို မေ့လိုက်ပါ ငါက သွားမယ်ဆို နင့်ကိုတိုင်ပင်မယ် နင်ကလုပ်စရာရှိမယ်ဆိုလည်း ငါ့အကုန်ြေ...
-
Square Footing တစ်ခုအား Design ပြုလုပ်ခြင်း ----------------------------------------------------- ဒီ post ကို အချိန် ရမှဖတ်ပါ။ အားတဲ့ အချ...
-
ငွေကြေး ကို ကောင်းကောင်းစီမံဆောင်ရွက်တတ်ဖို့ဆိုတာ လူတိုင်းအတွက်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတစ်ခုဖြစ်ပါတယ်။ စိတ်အာရုံ နောက်တတ်တဲ့ လူတွေ အတွက်ကေ...
-
ဦးဆောင်သူတွေမှာ တကယ်တမ်းက ကိုယ်ဦးဆောင်ဦးရွက်လုပ်ရတဲ့ အဖွဲ့ အစည်း၊ ဒါမှမဟုတ် လူ့ အသိုင်းအ၀ိုင်းတစ်ခုရဲ့ အရေးကြီးဆုံးအရာ ကဘာလဲ၊ သူတို့ ဟ...
-
(Professional)Pro..ပရိုဖက်ရှင်နယ်..ဆိုတဲ့စကားလုံးကိုကျယ်လောင်စွာပြောလာနေကြတဲ့ယနေ့ခေတ်လူငယ်များအတွက်ပရိုဖက်ရှင်နယ်တစ်ယောက်ရဲ့အရည်အချင်းများ...
No comments:
Post a Comment